Pages

Thursday, January 8, 2015

အယူအဆအလွဲများ(၈) RC အဆောက်အဦဆိုတာ အုတ်ရိုး ၉" စီရတယ်။ ၄.၅" နဲ့ဆိုရင် RC တု၊ ၉" လောက် မခိုင်ဘူး။

အယူအဆအလွဲများ(၈) RC အဆောက်အဦဆိုတာ အုတ်ရိုး ၉" စီရတယ်။ ၄.၅" နဲ့ဆိုရင် RC တု၊ ၉" လောက် မခိုင်ဘူး။

RC အဆောက်အဦဆိုတာ အုတ်ရိုး ၉" စီရတယ်။ ၄.၅" နဲ့ဆိုရင် RC တု၊ ၉" လောက် မခိုင်ဘူး။

ကျွန်တော်တို့ဆီက လွန်ခဲ့တဲ့ နှစ်(၃၀)လောက်က RC တွေစဆောက်တော့ ၉" အုတ်ရိုးတွေပဲ သုံးခဲ့ကြပါတယ်။ အဲဒီမှာပဲ နံကပ်နဲ့ကွဲလွဲတဲ့အချက်တစ်ခုအဖြစ် RC ဆိုရင် ၉" အုတ်ရိုးဆိုပြီး မှတ်သားထားခဲ့ကြရာကနေ ဒီအယူအဆ ဖြစ်ကြဟန်တူပါတယ်။
၁) နံရံတွေကို အုတ်ရိုးသုံးရာမှာ အသုံးအားဖြင့် ၀န်ထမ်းနံရံ (Load bearing Wall) နဲ့ ၀န်မထမ်းတဲ့နံရံ (Non-load bearing wall, Infill wall) ဆိုပြီး ခွဲခြားနိုင်ပါတယ်။
၂) RC အဆောက်အဦတွေမှာ ၀န်ကို ပြင်၊ ထုတ်၊ တိုင်၊ ခွာ တွေကထမ်းပါတယ်။ အုတ်ရိုးတွေကမထမ်းရပါဘူး။ အုတ်တိုက် (Masonry building) တွေမှာတော့ အုတ်ရိုးတွေက၀န်ကိုထမ်းရပါတယ်။
၃) ဒီလို ၀န်မထမ်းရတဲ့အတွက် အုတ်ရိုးဗြက်က ၄.၅" ၊ ၉" ထက် သူ့ဝန်သူထမ်းနိုင်အောင်ရယ်၊ ငလျင်အတွက်ဆို ဘေးတိုက်တွန်းအားခံနိုင်အောင်ရယ် စီမံပေးထားနိုင်ဖို့ ပဲလိုပါတယ်။
၎) RC မှာ အုတ်ရိုးတွေက၀န်ကိုမထမ်းရတဲ့အတွက် အုတ်ရိုးဗြက်ထူလေလေ၊ တကယ့်ဝန်ထမ်းရတဲ့ ထုတ်၊ တိုင်၊ ခွာ တွေက ၀န်ပိုထမ်းရလေလေပါပဲ။
၅) ဒါကြောင့် RC မှာ ၄.၅" ဆို မခိုင်ဘူးဆိုတာ မဟုတ်ပါဘူး။
၆) RC ဆိုတာ မြန်မာလို သံကူအားဖြည့်ကွန်ကရစ် လို့ ဆိုနိုင်ပါတယ်။ သံချောင်းတွေနဲ့ အားဖြည့်ထားတဲ့ ကွန်ကရစ်ဖြစ်ပြီး အဲ့လိုအားဖြည့်ထားတဲ့  ပြင်၊ ထုတ်၊ တိုင်၊ ခွာ တွေက ၀န်ကိုထမ်းတဲ့ အဓိကအစိတ်အပိုင်း (structural members) တွေဖြစ်ပါတယ်။
၆) ဒါကြောင့် အုတ်ရိုး ၄.၅" (သို့) ၉" ဖြစ်ခြင်းဟာ RC ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့အတွက် ၄.၅" အုတ်ရိုးသုံးရုံနဲ့  RC တုလို့ ခေါ်လို့မရပါဘူး။
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment