Pages

Thursday, January 8, 2015

အယူအဆအလွဲများ(၁၇)

အယူအဆအလွဲများ(၁၇)

One way slab ကို သံတစ်လွှာတည်းချီသော slab   နှင့် Two way slab ကို သံနှစ်လွှာချီသည့် slab ဟု အမှတ်မှားနေခြင်း

ဒီဟာကလည်း ကျောင်းပြီးခါစအင်/ယာ တွေတင်မကဘူး အတွေ့အကြုံများတဲ့ အင်/ယာတချို့ပါ One way, two way slab ဆိုတာ သံကို one layer, two layer ချီတဲ့ slab ဆိုပြီး အမှတ်မှားကြပါတယ်။

၁) အကြမ်းအားဖြင့်တော့ Loading ကြောင့် slab defelction ဖြစ်ရာမှာ direction တစ်ဖက်တည်း deflection ဖြစ်တဲ့ slab ကို One-way slab လို့ခေါ်ပြီးတော့ direction (၂) ဖက် deflection ဖြစ်တဲ့ slab ကိုတော့ Two-way slab လို့ခေါ်ပါတယ်။

ဒါကတော့ One way slab deflection ဖြစ်တဲ့ပုံပါ



ဒါကတော့ Two way slab deflection ဖြစ်တဲ့ပုံပါ


၂) One way slab မှာ slab က load ကို တိုတဲ့ direction အတိုင်း transfer လုပ်ပြီး ရှည်တဲ့ beam က ထမ်းရပါတယ်။ (Theory မှာ 100% ယူပြီး လက်တွေ့မှာတော့ 95% အထက်ရှိတယ်လို့ဆိုပါတယ်။) Two way slab ကတော့  load ကို တိုတဲ့ direction ရော ရှည်တဲ့ direction ပါ သူ့အချိုးနဲ့သူ transfer လုပ်ပါတယ်။

၃) ရှည်တဲ့အနား(la) ကို တိုတဲ့အနား(lb) နဲ့စားလို့ ၂ နဲ့ ၂ထက်ကြီးရင် one way slab လို့ သတ်မှတ်ပြီးတော့ ၂အောက်ငယ်တယ်ဆိုရင် two way slab လို့သတ်မှတ်ပါတယ်။

ပုံမှာ One way slab ရဲ့ load transfer လုပ်တဲ့ပုံနဲ့ two way slab ရဲ့ load transfer လုပ်ပုံကို Yield line analysis method နဲ့ ခွဲပြီး Arrow နဲ့ဝေထားတာကို တွေ့ရပါမယ်။


၎) အပေါ်လွှာသံချောင်းက -ve moment အတွက် ထည့်တာပါ။ အောက်လွှာသံချောင်းက  +ve moment အတွက် ထည့်တာပါ။  one way ဖြစ်ဖြစ်  two way ဖြစ်ဖြစ် support condition ပေါ်မူတည်ပြီး  -ve နဲ့  +ve moment ရှိရင် ရှိတဲ့ moment အတွက် လိုအပ်တဲ့ Rebar(သံချောင်း) လွှာကို ထည့်ရမှာပါ။

ဒါကတော့ Typical One way slab ပုံပါ။ Rebar သံချောင်း(၂)လွှာပါတာ တွေ့နိုင်ပါတယ်။


၅) ဒီလို One way ကို one layer ထဲချီတဲ့ slab,  two way ကို two layer ချီတဲ့ slab လို့ခေါ်ကြတာ ကန်ထရိုက်တိုက် ဆောက်တဲ့သူတွေ ဆီကစ အမှတ်မှားလာကြတာ ထင်ပါတယ်။ သူတို့တွေက slab ကို one way, two way ဘာလာလာ one layer ပဲ ချီလေ့ရှိပါတယ်။ အဲ့တော့ ထူးပြီးတော့ two layers ချီရတော့မယ်ဆိုရင် two way slab လို့မှားခေါ်ကြရော။

ဒီပုံကတော့ ကန်ထရိုက်တိုက်တစ်ခုမှာ one way slab ရော two way slab ရော one layer ပဲ ချီထားတဲ့ပုံပါ။


(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment