Pages

Thursday, January 8, 2015

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၉) Curing ပေးဖို့ Formwork (ပုံစံခွက်) ခွာခြင်း

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၉) Curing ပေးဖို့ Formwork (ပုံစံခွက်) ခွာခြင်း

Curing ပေးဖို့ Formwork (ပုံစံခွက်) ခွာခြင်း

ဒီမေးခွန်းကို အမေးခံရတော့ နည်းနည်းတော့ ကြောင်သွားတယ် " Curing ပေးဖို့ ဘယ်အချိန် ပုံခွာရမှာလဲတဲ့ "

Formwork (ပုံစံခွက်) မခွာပဲထားတာ curing ပေးနေတာပါပဲ။ ဒါကြောင့် curing ပေးဖို့ဆိုပြီးတော့ သက်သက်မဲ့ ပုံခွာစရာမလိုပါဘူး (အခြားရည်ရွယ်ချက်နဲ့ ခွာချင်တော့ခွာပါ)
ပုံနဲ့လွတ်နေတဲ့အပိုင်းရှိရင်တော့ အဲဒီအပိုင်းကို ရေလောင်းတာဖြစ်ဖြစ်၊ curing compound ဖြန်းတာဖြစ်ဖြစ်၊ Plastic အုပ်တာဖြစ်ဖြစ် ကြိုက်ရာနည်းသုံးပြီး curing ပေးရပါမယ်။
နောက် curing ဆိုတာကို conrete ကို ရေလောင်းတာလို့ အမှတ်မှားတာကလည်း ဒီအယူအဆအလွဲကို ဖြစ်စေတယ်လို့ ထင်ပါတယ်။
Curing ကို ဘာသာမပြန်တတ်ပါဘူး။ concrete strength ကောင်းအောင် crack မဖြစ်အောင် ကုစားပေးတာကို ဆိုလိုပါတယ်။ နည်းလမ်းတွေကတော့ အပေါ်မှာပြောသွားတာမှာ ပါသွားပါပြီ။
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment