CE - Analysis of rates - version 5

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Pages

Showing posts with label အယူအဆအလွဲများ. Show all posts
Showing posts with label အယူအဆအလွဲများ. Show all posts

Thursday, January 8, 2015

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၁၈)

Beam တွင် bottom bar မှာ top bar ထက် အမြဲပိုလိုသည်ဟု မှတ်ယူနေခြင်း

Structure design မပါပဲ ဒီအတိုင်းဆောက်လေ့ရှိတဲ့သူတွေနဲ့ ကျောင်းပြီးစအင်/ယာ တော်တော်များများက Beam တွေမှာ bottom bar က top bar ထက် ပိုလိုတယ်လို့ အသေမှတ်ထားတတ်ကြတာကို သတိထားမိပါတယ်။
ကျွန်တော် Structure စတွက်ခါစက ကိုယ်ကလည်း အစဆိုတော့ Senior ကြီးတွေရဲ့ မယုံသင်္ကာနဲ့ "မင်းဟာက bottom bar ထက် top bar တွေက များနေပါလားဟ" လို့ အပြောခံရတတ်ပါတယ်။
နောက် Group တွေမှာလည်း ကျောင်းဆင်းစလေးတွေ Structure design မှာ bottom bar ထက် top bar ကို ပိုပေးတာတွေ့လို့  Design မှားတယ်ထင်တယ်လို့ ဆွေးနွေးကြတာကို ဖတ်ရပါတယ်။

ဘာလို့ဒီလို မှတ်ကြသလဲဆို ထင်တာကတော့ ကျောင်းတွေမှာ Simply supported beam တွေပဲ အတွက်များလာလို့ထင်ပါတယ်။
လက်တွက်တွက်တာဆိုတော့ determinate ဖြစ်တဲ့  Simply supported beam တွေပဲ အဆင်ပြေတော့ ဒါတွေက အတွက်များတဲ့သဘောရှိပါတယ်။
လက်တွေ့မှာကြတော့ determinate ထက် indeterminate တွေပဲ များပါတယ်။ Determinate အနေနဲ့ simply supported က Secondary beam လောက်ပဲယူလို့ရတာဆိုတော့လေ။
ကျန်တာတွေက Column နဲ့ beam တွေက fixed action ဆိုတော့ indeterminate ဖြစ်တာက အများဆုံးပါ။


၁) Simply supported beam  ကတော့ ပုံမှာပြထားတဲ့အတိုင်း +ve moment က wl^2/8 ဖြစ်ပြီး အဲ့အတွက် bottom bar ထည့်ပေးရမှာပါ။


၂) ပုံမှာက Approximate method ကိုသုံးပြီးထုတ်ထားတဲ့ အခန်းဖွဲ့တူ နှစ်ခန်းစာအတွက် moment ကို ပြထားပါတယ်။ အဲ့ဒီမှာ maximum moment က -ve moment ဖြစ်ပြီး +ve moment ထက်ပိုများပါတယ်။ ဒါကြောင့် ဒီလို Indeterminate beam တွေမှာဆို column strip မှာ top bar က bottom bar ထက်ပိုလေ့ရှိပါတယ်။


၃) ဒီပုံကတော့ အခန်းဖွဲ့တူ Span အမျိုးမျိုးရှိတဲ့ beam တွေအတွက် moment ကို ပေးထားပါတယ်။ ပုံကို မရှင်းတော့ပါဘူး။ လေံလာကြည့်ရင် နားလည်ပါမယ်။
ထုတ်နုတ်ဖော်ပြထားတဲ့ ပုံတွေရဲ့ မူရင်းစာအုပ်တွေကို ပုံမှာ ဖော်ပြထားပါတယ်။


၎) အပေါ်မှာပြောခဲ့တာတွေက gravity load အတွက် ဖြစ်ပြီးတော့ Earthquake လိုမျိုး lateral load မျိုးပေးရင် နောက်ထပ်အမှတ်မှားလေ့ရှိတဲ့ midspan steel က column strip (support နား) မှာရှိတဲ့ steel ထက်ပိုတယ်ဆိုတာနဲ့ ဆန့်ကျင်နေတယ် ဆိုတာပုံမှာတွေ့ရပါမယ်။ ပုံမှာ support နားမှာ moment တွေများနေတာ တွေ့ရပါမယ်။ ဒီပုံကတော့ Structure တွက်ထားတဲ့ Etabs file တစ်ခုက ယူထားတာပါ။

ထုတ်နုတ်ဖော်ပြထားတဲ့ ပုံတွေရဲ့ မူရင်းစာအုပ်တွေကို ပုံမှာ ဖော်ပြထားပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၁၇)

အယူအဆအလွဲများ(၁၇)

One way slab ကို သံတစ်လွှာတည်းချီသော slab   နှင့် Two way slab ကို သံနှစ်လွှာချီသည့် slab ဟု အမှတ်မှားနေခြင်း

ဒီဟာကလည်း ကျောင်းပြီးခါစအင်/ယာ တွေတင်မကဘူး အတွေ့အကြုံများတဲ့ အင်/ယာတချို့ပါ One way, two way slab ဆိုတာ သံကို one layer, two layer ချီတဲ့ slab ဆိုပြီး အမှတ်မှားကြပါတယ်။

၁) အကြမ်းအားဖြင့်တော့ Loading ကြောင့် slab defelction ဖြစ်ရာမှာ direction တစ်ဖက်တည်း deflection ဖြစ်တဲ့ slab ကို One-way slab လို့ခေါ်ပြီးတော့ direction (၂) ဖက် deflection ဖြစ်တဲ့ slab ကိုတော့ Two-way slab လို့ခေါ်ပါတယ်။

ဒါကတော့ One way slab deflection ဖြစ်တဲ့ပုံပါ



ဒါကတော့ Two way slab deflection ဖြစ်တဲ့ပုံပါ


၂) One way slab မှာ slab က load ကို တိုတဲ့ direction အတိုင်း transfer လုပ်ပြီး ရှည်တဲ့ beam က ထမ်းရပါတယ်။ (Theory မှာ 100% ယူပြီး လက်တွေ့မှာတော့ 95% အထက်ရှိတယ်လို့ဆိုပါတယ်။) Two way slab ကတော့  load ကို တိုတဲ့ direction ရော ရှည်တဲ့ direction ပါ သူ့အချိုးနဲ့သူ transfer လုပ်ပါတယ်။

၃) ရှည်တဲ့အနား(la) ကို တိုတဲ့အနား(lb) နဲ့စားလို့ ၂ နဲ့ ၂ထက်ကြီးရင် one way slab လို့ သတ်မှတ်ပြီးတော့ ၂အောက်ငယ်တယ်ဆိုရင် two way slab လို့သတ်မှတ်ပါတယ်။

ပုံမှာ One way slab ရဲ့ load transfer လုပ်တဲ့ပုံနဲ့ two way slab ရဲ့ load transfer လုပ်ပုံကို Yield line analysis method နဲ့ ခွဲပြီး Arrow နဲ့ဝေထားတာကို တွေ့ရပါမယ်။


၎) အပေါ်လွှာသံချောင်းက -ve moment အတွက် ထည့်တာပါ။ အောက်လွှာသံချောင်းက  +ve moment အတွက် ထည့်တာပါ။  one way ဖြစ်ဖြစ်  two way ဖြစ်ဖြစ် support condition ပေါ်မူတည်ပြီး  -ve နဲ့  +ve moment ရှိရင် ရှိတဲ့ moment အတွက် လိုအပ်တဲ့ Rebar(သံချောင်း) လွှာကို ထည့်ရမှာပါ။

ဒါကတော့ Typical One way slab ပုံပါ။ Rebar သံချောင်း(၂)လွှာပါတာ တွေ့နိုင်ပါတယ်။


၅) ဒီလို One way ကို one layer ထဲချီတဲ့ slab,  two way ကို two layer ချီတဲ့ slab လို့ခေါ်ကြတာ ကန်ထရိုက်တိုက် ဆောက်တဲ့သူတွေ ဆီကစ အမှတ်မှားလာကြတာ ထင်ပါတယ်။ သူတို့တွေက slab ကို one way, two way ဘာလာလာ one layer ပဲ ချီလေ့ရှိပါတယ်။ အဲ့တော့ ထူးပြီးတော့ two layers ချီရတော့မယ်ဆိုရင် two way slab လို့မှားခေါ်ကြရော။

ဒီပုံကတော့ ကန်ထရိုက်တိုက်တစ်ခုမှာ one way slab ရော two way slab ရော one layer ပဲ ချီထားတဲ့ပုံပါ။


(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၁၆)

အယူအဆအလွဲများ(၁၆)

ကပ်နေသော Isolated Footing (Column Footing) ၂ခုကို သံချီရာတွင် တွဲချီပြီးလောင်းခြင်း

တခါတလေကြ ဆိုဒ်မှာ ကပ်နေတဲ့ Isolated Footing 2ခု ဥပမာ 6' span (အခန်းဖွဲ့) ရှိပြီး 5'6"x5'6" Footing Size စီရှိတဲ့  Isolated Footing 2ခုကို သံတွဲချီပြီးတွဲလောင်းတာမျိုး လုပ်တတ်ကြတယ်။ Footing 2ခုက 6"ကွာရမှာကို မြေတူးတော့လည်း ဆက်နေတာနဲ့ တွဲလောင်းမိသွားတတ်တယ်။ 5'6"x5'6" ရှိနေမဲ့ Footing 2ခုက တွဲလောင်းတော့ ပိုတောင့်တယ် 5'6"x11'6"ဖြစ်ပြီး Footing Area တောင်ပိုပြီး  ပိုတောင့်ပိုကောင်းတယ် အောင်းမေ့တတ်ပါတယ်။ ဒါပေမယ့်........

Photo from REINFORCED CONCRETE Mechanics and DesignPhoto from REINFORCED CONCRETE Mechanics and Design

၁) Isolated Footing ရဲ့ သဘောက ပုံမှာပြထားပါတယ်။ Column က Point Load လာမယ်။ ဒါကို Footing အောက်က မြေကြီးက ပြန်တွန်းကန်မယ် အဲဒီမှာ Footing ရဲ့ deformed shape ကို ကြည့်ကြည့်ပါ။ အဲဒီအတွက် Reinforcement(သံချောင်း) ထည့်တဲ့အခါ အောက်မှာ cover 3" ထားပြီး One Layer ပဲထည့်ရပါတယ်။ Bottom Layer ပဲထည့်ရပြီး Top Layer မလိုပါဘူး။

Photo from InternetPhoto from Internet

၂) Combined Footing ရဲ့ သဘောကို ပုံမှာကြည့်နိုင်ပါတယ်။ Column 2ခုကို Footing တစ်ခုတည်းနဲ့တွဲထားတာဖြစ်ပြီး Column load တွေကို Footing အောက်က မြေကြီးက ပြန်တွန်းတဲ့အခါ ဖြစ်သွားတဲ့ deformed shape ကို ပုံမှာကြည့်ကြည့်ပါ။ လိုအပ်တဲ့ Reinforcement ကိုလည်း ပန်းရောင်လိုင်းနဲ့ထည့်ထားတာ Bottom ရယ် Top ရယ် 2လွှာဖြစ်နေတာကို တွေ့မှာပါ။
၃) အဲတော့ Isolated Footing မှာ  Reinforcement ကို Bottom layer တစ်လွှာပဲလိုပြီး Combined Footing မှာ နှစ်လွှာလိုပါတယ်။
၎) ဒီတော့ တစ်တိုင်တစ်ခွာစီရှိနေတဲ့ Isolated Footing 2ခုကို သံတွဲချီပြီးတွဲလောင်းတဲ့အခါ Combined Footing ဖြစ်သွားပါတယ်။ ဒီမှာ နဂို Isolated Footing Design ကလို  Reinforcement ကို တစ်လွှာနဲ့မရပါ။ ဒါကြောင့် Reinforcement ကို တစ်လွှာပဲဆိုရင် တွဲလောင်းလို့မရပါ။ တွဲလောင်းမယ်ဆိုရင် Combined Footing Action ၀င်မှာဖြစ်တဲ့အတွက် 2လွှာချီဖို့လိုပါလိမ့်မယ်။
(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၁၅)

အယူအဆအလွဲများ(၁၅)

Slab သံချီရာတွင် မှားယွင်းနေခြင်း
Slab တစ်ခုမှာ Support မှာ Top steel လိုပြီးတော့ Span မှာကြတော့ Bottom steel လိုပါတယ်။ ဒါကြောင့် သံချီရာမှာ support နားမှာ ဟိုဘက်ဒီဘက် L/4 - L/3 လောက်စီ Top bar ကို Cutoff bar (ကုပ်စီးဘား) အနေနဲ့ ထည့်ကြလေ့ရှိပါတယ်။


ဒါပေမယ့် ဒီနေရာမှာ မှားနေကြတာက Slab တစ်ခု (သို့) တစ်ကွက်ကို စဉ်းစားကြရာမှာ ပုံကလို Column ကို 20' လောက်စီရှိပြီး Main beam တွေအလယ်မှာ Secondary beam ထပ်ကွက်ထားတဲ့အခါ Slab ကို တိုင်နဲ့ကြည့်ပြီး Main Beam ပတ်လည် 20'ကျော်လောက်ကို Slab တကွက်အနေနဲ့ ယူဆပြီး Cutoff bar (ကုပ်စီးဘား) ကို Main beam ပတ်ပတ်လည်ကနေပဲ ထည့်ပြီး လုပ်နေတာတွေပါ။


အမှန်က main beam ဖြစ်စေ Secondary beam ဖြစ်စေ ပတ်လည်ရှိနေတဲ့ 10' လောက်ရှိတဲ့ slab အကွက်တွေကို တစ်ခုချင်း စဉ်းစားရမှာပါ။ ဒါကြောင့် Beam (Main or Secondary) ပတ်လည်မှာ  Cutoff bar (ကုပ်စီးဘား) တွေထည့်ရမှာဖြစ်ပါတယ်။
ပုံမှာ အပြာနဲ့ဝိုင်းပြထားတာတွေမှာပဲ Cutoff bar (ကုပ်စီးဘား) တွေထည့်ထားပြီး အနီနဲ့ဝိုင်းပြထားတဲ့နေရာတွေမှာ မပါတာကို တွေ့ရပါလိမ့်မယ်။
ဒီအမှားတွေကို တော်တော်များများ မှားနေကြတာကို တွေ့နေရပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၁၄)

အယူအဆအလွဲများ(၁၄)

အုတ်မြစ်ချခြင်းနှင့် Structure အမြင်

အုတ်မြစ်ချတိုင်ထူမင်္ဂလာတွေ လုပ်တဲ့အခါမှာ ရွှေအုတ်၊ ငွေအုတ် ဆိုပြီး အုတ်ခဲတွေ ထည့်လေ့ရှိပါတယ်။ ဟိုးအရင်ကလို အုတ်တိုက်တွေလိုမျိုးမှာ ဘာမှမဖြစ်ပေမယ့် RC အဆောက်အဦတွေမှာတော့ ဇယားတော့ ရှိလာပါတယ်။ အုတ်က ကွန်ကရစ်ထက်စာရင် Compressive strength (ဖိအားခံနိုင်ရည်) နည်းတဲ့အတွက် Foundation (ဖောင်ဒေးရှင်း) ကို Weak ဖြစ်(အားနည်း) စေပါတယ်။ နောက်ထည့်တဲ့အုတ်အရေအတွက်များလေလေ သူတို့က ကွန်ကရစ်နေရာအစား အုတ်ဝင်ရောက်မှုများလေလေ ဖြစ်တာမို့ weak ဖြစ်လေလေပါပဲ။
ဒါပေမယ့် ဒါတွေက ရိုးရာအယူတွေ ဖြစ်တဲ့အတွက် ရှောင်လွဲလို့တော့ မရနိုင်ပါဘူး။ အဲ့တော့ Structure ကို မထိခိုက်အောင် ဘယ်လိုမျိုး ဆောင်ရွက်သင့်တယ်ဆိုတာကိုပဲ ရှာကြံရတော့မှာပါ။



(၁) ပုံမှာပြထားသလို lean concrete လောင်းတဲ့အခါ အုတ်တွေထည့်ဖို့ ချိုင့်လေးထားခဲ့မယ်ဆိုရင်တော့ Foundation အတွက် Footing ထုကို အုတ်အစားထိုးဝင်ရောက်မှု မရှိဘဲ ကွန်ကရစ်ချည်း ရရှိမှာ ဖြစ်ပါတယ်။
(၂) ဒါပေမယ့် တခါတရံ ရွှေအုတ်၊ ငွေအုတ် ထည့်မှာကို ကြိုမသိတဲ့အခါမျိုး lean လောင်းပြီးမှ ရွှေအုတ်၊ ငွေအုတ် ထည့်မယ်လို့ ဖြစ်သွားတဲ့အခါမျိုးလည်း ရှိပါတယ်။
အဲ့အခါကြရင် အုတ်မြှုပ်တဲ့အထိကို lean လို့ယူဆပြီး အုတ်အပေါ် clear cover 3" မှာမှ သံခွာထည့်ပြီး ဖြေရှင်းနိုင်ပါတယ်။ Lean စာကတော့ နှစ်ခါကုန်သွားတာပေါ့။


(၃) ဒီလိုမှမဟုတ် Lean စာကတော့ နှစ်ခါမကုန်ချင်ဘူးဆိုရင် အုတ်တွေကလည်း ပုံထဲကလို သိပ်မများဘူးဆိုရင်တော့ အုတ်တွေကို နေရာခွဲထားပါ။


 Punching Shear ဖြစ်နိုင်မယ့်နေရာ (ပုံမှာ dotted line နဲ့ပြထားပြီး critical section လို့စာတန်းထိုးထားတဲ့နေရာ (Column ကနေ distance (effective depth) d/2  ရှိတဲ့နေရာ) ကို ရှောင်ပါ။ နောက် One way shaear (Column ကနေ distance (effective depth) d ရှိတဲ့နေရာ) ကို ရှောင်ပါ။


(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၁၃)

အယူအဆအလွဲများ(၁၃)

အဆောက်အဦတစ်ခု ဆောက်ဖို့ structure ဆိုတာ တွက်စရာ မလိုပါဘူး။  အတွေ့အကြုံနဲ့ မှန်းဆောက်လို့ရပါတယ်။

ဒီနေ့တော့ စော်ကားတာမဟုတ်ဘူးဆိုပြီး စော်ကားတော့ ခံလိုက်ရတယ်။
ဖြစ်တာက Structure တစ်ခုကို company တစ်ခုက တွက်ခိုင်းတာ တွက်ပြီး design ပြန်ပေးပြီးမှ Basement ထည့်မယ်ဆိုပြီး ပြန်ရောက်လာပါတယ်။ ဒီတခါလာတဲ့သူက construction ကို တာဝန်ခံဆောက်လုပ်မယ့်  Company က sub ပြန်ခိုင်းထားပုံရတဲ့ Engineer ပါ။ အရင်တွက်ပေးထားတဲ့ combined footing ကနေ mat foundation ပြန်တွက်ပေးရုံပါပဲ။ အဲဒီမှာ ကိုယ်က စေတနာတွေပိုပြီး  design မှာ coln size တွေကို 15x15 ကနေ အပေါ်ထပ်တွေမှာ 12x15 ပြောင်းထားတာတွေ ရှိတယ်။ Construction မှာ အဆင်မပြေလို့ size မလျော့ချင်ရင် ပြန်ပြောပါ။ Size မလျော့ရင် steel area လျော့ပေးလို့ရပါတယ်။ Design ပြန်ပေးပါမယ် လို့ ပြောလိုက်ပါတယ်။ အဲဒီမှာ သူပြန်ပြောတာက "သူတို့က အကိုကို ယုံကြည်လို့ အကို့design အတိုင်းတသွေမတိမ်း လုပ်ပါမယ်။ စော်ကားတာတော့ မဟုတ်ဘူးနော် ကျွန်တော် ဆောက်လာတာ ကြာပြီဆိုတော့ ကျွန်တော်ကို တာဝန်ပေးလိုက်ရင် ကိုယ့်ဘာသာ ကြည့်လုပ်လိုက်လို့ရပါတယ်။ အခုဟာက အကိုကို ယုံကြည်လို့ အကိုနဲ့ တည်ထားတာဆိုတော့ လေးစားသမှုနဲ့ အကိုdesign အတိုင်းလုပ်မှာပါ " လို့ပြန်ပြောတယ်။
ဒါမျိုးက အတွေ့အကြုံများတယ်ဆိုတဲ့ အင်ဂျင်နီယာပညာနည်းတဲ့ အင်ဂျင်နီယာတွေမှာ အများဆုံးတွေ့ရပါတယ်။ သူတို့က Structure design လိုတယ်လို့ မထင်ပါဘူး။ အပိုအလုပ်လို့တောင် ခံယူထားတတ်ပါတယ်။ ကျွန်တော် construction အတွေ့အကြုံအနေနဲ့ ဆယ်စုနှစ်တခု ကျော်ခဲ့ပါပြီ။ Structure project ပေါင်းလည်း ရာချီပြီး run ခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီနေ့အထိ အဆောက်အဦတစ်ခုကို modelling မှာမှန်းထားတာနဲ့ design results ၁၀၀ ရာနှုန်း မတူညီပါဘူး (ဂိုထောင်လိုမျိုး အခန်းဖွဲ့ညီ pre-engineering လုပ်လို့ရတဲ့ အဆောက်အဦများ မပါပါ)။ construction ရော structure deign ရော နှစ်မျိုးလုံးမှာ အတွေ့အကြူံရှိတဲ့သူတွေတောင်မှ မခန့်မှန်းနိုင်ကြတာ သူတို့က အတွေ့အကြူံနဲ့ ဆောက်တယ်ဆိုတာ လက်ခံဖို့ ခက်ပါတယ်။ ကျွန်တော်တို့ မလွှဲမရှောင်သာလို့ ခန့်မှန်းပေးရမယ် ဆိုရင်တောင် ပုံမှန်မှန်းရင် ကွက်တိဝင်တာတွေ ပါပေမယ့် ပိုသွားတာလေးတွေ လိုတာလေးတွေလဲပါတတ်လို့ ပိုပိုသာသာလေး ခန့်မှန်းပေးရပါတယ်။ အဲလို စိတ်ချရအောင် မှန်းရတဲ့အခါမျိုးမှာ economical တော့ မဖြစ်တော့ဘူးပေါ့။
(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၁၂)

အယူအဆအလွဲများ(၁၂)

ရေကန်ကို စသုံးမယ်ဆိုရင် တခါတည်း ရေအပြည့်မထည့်ရဘူး ရေနည်းနည်းချင်းထည့်ပြီးကျင့်ပေးရတယ်။
ရေကန်ပြီးလို့ ရေမထည့်ထားရင် ကန်ကွဲတတ်တယ်။

ဒါတွေကတော့ site ထဲမှာ ပန်းရန်ဆရာတော်တော်များများနဲ့ အင်ဂျင်နီယာအချို့ ပြောတတ်ကြပါတယ်။
တကယ်တော့ ရေကန်တခုကို စတင်သုံးမယ်ဆိုရင် သူ့ရဲ့သတ်မှတ်ထားတဲ့ အား(strength) ပြည့်ရင် ကျင့်ပေးစရာမလို ရေအပြည့် ထည့်နိုင်ပါတယ်။ (loading အပြည့် ခံနိုင်ပါတယ်)။
RC ရေကန်တစ်ခုကို ဘယ်နှယ်ရက်မြောက်မှာ ရေစတင်သုံးချင်သလဲဆိုတာကြည့်ရပါမယ်။ အဲဒီ စသုံးမယ့်ရက်မှာ အားအပြည့်မရသေးရင် ဘယ်နှယ်ရာခိုင်နှုန်းရပြီလဲ ကြည့်ရပါမယ်။ အဲဒီ ရာခိုင်နှုန်းအထိသာ ရေကိုထည့်သုံးသင့်ပါတယ်။
ဥပမာ (၇)မြောက်နေ့မှာ သုံးချင်တယ်ဆိုရင် concrete strength က ၇ ရက်မှာ 28 days strength ရဲ့ ၇၁% ရှိတဲ့အတွက် ရေကိုလည်း ၇၁% ထိသာ ထည့်သုံးသင့်ပါတယ်။
(ဘယ်နှယ်ရက်သားမှာ ၂၈ ရက်မှာ ရှိတဲ့ concrete strength ရဲ့ ဘယ်နှယ်ရာခိုင်နှုန်းရှိတယ်ဆိုတာ  https://www.facebook.com/notes/bobo-kyaw/civil-%E1%80%94%E1%80%B2%E1%82%95%E1%80%95%E1%80%90%E1%80%B9%E1%80%9E%E1%80%80%E1%80%B9%E1%80%90%E1%80%B2%E1%80%B7-%E1%80%A1%E1%80%B1%E1%80%99%E1%80%B8%E1%80%A1%E1%80%B1%E1%80%BB%E1%80%96-%E1%81%84/10200800213828228 မှာ ကြည့်နိုင်ပါတယ်။
"ရေကန်ပြီးလို့ ရေမထည့်ထားရင် ကန်ကွဲတတ်တယ်" ဆိုတာမှာ concrete တွေမကွဲဖို့ဆိုရင် concrete လောင်းပြီးနောက် curing ပေးတဲ့အချက်မှာ အဓိကမူတည်ပါတယ်။ ရေထည့်ထားခြင်း၊ မထားခြင်းက အဓိကမကျပါ။
(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၁၁) ငလျင် (earthquake) နဲ့ ပတ်သက်တဲ့ အလွဲများ

အယူအဆအလွဲများ(၁၁) ငလျင် (earthquake) နဲ့ ပတ်သက်တဲ့ အလွဲများ

ငလျင် (earthquake) နဲ့ ပတ်သက်တဲ့ အလွဲများ

လူတော်တော်များများက ငလျင်ဒဏ်ခံ အဆောက်အဦဆိုရင် ငလျင်လှုပ်ရင် လုံးဝပျက်ဆီးမှုမရှိရဘူးလို့ မှတ်ယူတတ်ကြပါတယ်။ နောက် ငလျင်ဒဏ်ခံနိုင်မှုကို ရစ်တာစကေးဘယ်လောက်ခံနိုင်သလဲ  ဆိုတာနဲ့ မှတ်သားထားချင်ကြပါတယ်။

ငလျင်ဒဏ်ခံအောင် ဆောက်တယ်ဆိုရာမှာ အားပျော့တဲ့ငလျင်မှာ ပျက်ဆီးမှု မရှိအောင်၊ အားအသင့်အတင့်မှာ ပျက်ဆီးမှုတွေကို ပြန်လည်ပြင်ဆင်ပြီးနေနိုင်အောင်၊ အားပြင်းတဲ့ငလျင်မှာ လူ့အသက်မဆုံးရှူံးပဲ မပြိုကျအောင် ဆိုပြီးရည်ရွယ်တာပါ။ လုံးဝပျက်ဆီးဆုံးရှူံးမှုမရှိစေရဆိုတာမျိုး မဟုတ်ပါ။ အဓိကကတော့ လူ့အသက်ကို တန်ဖိုးထားကာကွယ်တာပါ။ Engineering ပိုင်းကလူတွေအတွက် ဆက်ပြောရရင်တော့

ငလျင် design (earthquake deign philosophy) ဆိုတာ
(က) အားပျော့တဲ့ငလျင် (အကြိမ်အရေများ၊ ရံဖန်ရံခါလှုပ်) မှာ အဓိကအစိတ်အပိုင်းတွေ မပျက်စီးစေရပါ၊ အဓိကမဟုတ်တဲ့ အစိတ်အပိုင်းတွေ ပြန်လည်ပြင်နိုင်ရုံ ပျက်စီးနိုင်ပါတယ်။
(ခ) အားအသင့်အတင့် ငလျင် (အကြိမ်အရေအသင့်အတင့်၊ 10% per 50 yr) မှာ အဓိကအစိတ်အပိုင်းတွေ ပြန်လည်ပြင်နိုင်ရုံ ပျက်စီးနိုင်ပါတယ်၊ ကျန်အစိတ်အပိုင်းတွေ ပျက်စီးတာပြန်လည်လဲလှယ်နိုင်ပါတယ်။
(ဂ) အားပြင်းတဲ့ငလျင် (အကြိမ်အရေရှားပါး၊ 2% per 50 yr) မှာ အဓိကအစိတ်အပိုင်းတွေ ပြင်းပြင်းထန်ထန် ပျက်စီးနိုင်ပါတယ် မပြိုကျစေရပါ။
အခုနောက်ပိုင်းတော့ ငလျင်ဒဏ်ခံမှုကို Performance level နဲ့ပြလာပါတယ်။
Performance Levels of Structure
1) Operational (အနေအထားမပျက် နေမြဲတိုင်းနေလို့ရတယ်။ လဲလှယ်လို့ရတဲ့ ဆုံးရှူံးမှု ၅% အောက်)
2) Immediate Occupancy (ချက်ချင်းနေလို့ရတယ်။ Function တော့ အဆင်ပြေချင်မှပြေမယ်။  ဆုံးရှူံးမှု ၁၅% အောက်)
3) Life Safety (ထိခိုက်မှုတွေရှိတယ်။ ပြင်ဆင်မှုတွေမလုပ်ပဲ ပြန်နေလို့မရဘူး။  ဆုံးရှူံးမှု ၃၀% အောက်)
4) Collapse Prevention (အကုန်လုံးနီးပါး ပျက်ဆီးကုန်တယ်။ ပြိုတော့မပြိုဘူး။ ဆုံးရှူံးမှု ၃၀% အထက်)
အားပျော့တဲ့ငလျင် အတွက် Operational နဲ့ Immediate Occupancy Level မှာပဲရှိရပါမယ်။
အားအသင့်အတင့် ငလျင် အတွက် Life Safety Level မှာပဲရှိရပါမယ်။
အားပြင်းတဲ့ငလျင် အတွက် Collapse Prevention Level မှာပဲရှိရပါမယ်။



ငလျင်ဒဏ်ခံနိုင်မှုကို ရစ်တာစကေးနဲ့ ဘယ်လောက်ခံနိုင်သလဲဆိုပြီး ရစ်တာစကေးနဲ့တွဲမှတ်ချင်ကြတာနဲ့ ပတ်သက်လို့တော့ အောက်ပါအကြောင်းအရာတွေကို လိပ့်ပတ်လည်အောင် ဖတ်ပေးပါ။
ငလျင်ရဲ့ ပမာဏနဲ့ပြင်းအား (magnitude & intensity)
ရစ်တာစကေးဘယ်လောက် ဆိုတာ ငလျင်ရဲ့ ပမာဏ(magnitude) ကိုပြောတာပါ။ ငလျင်ရဲ့ဗဟိုချက် (epicenter) နဲ့ အနီးအဝေးပေါ် လိုက်ပြီး မပြောင်းလဲပါ။ ဥပမာ ၀ပ် ၄၀ မီးချောင်းဟာ နီးနီးဝေးဝေး ၀ပ် ၄၀ ပါပဲ။ အကွာအဝေးပေါ် လိုက်ပြီး မပြောင်းလဲပါ။
intensity ဆိုတာက ငလျင်ဒဏ်ခံစားရမှုကို ပြဆိုပါတယ်။ မာကာလီ (Mercalli) နဲ့ပြမယ်၊ ground accelerationနဲ့ပြမယ်။ ဥပမာ ၀ပ် ၄၀ မီးချောင်း နဲ့ အနီးအဝေးပေါ် မူတည်ပြီး light intensity (lumens နဲ့တိုင်းတာ) ပြောင်းလဲနေပါတယ်။
တူညီတဲ့ ငလျင်မှာ ပမာဏ(magnitude) ဥပမာရစ်တာစကေးက တူညီပြီး၊ ငလျင်ဒဏ်ခံစားရမှု (intensity ) က အကွာအဝေးပေါ် လိုက်ပြီး မတူညီပါ။  ၀ပ် ၄၀ မီးချောင်းဥပမာလိုပါပဲ  ၀ပ် ၄၀ ဆိုတာ ပမာဏ(magnitude)  နီးနီးဝေးဝေး ၀ပ် ၄၀ ပါပဲ။ အကွာအဝေးပေါ် လိုက်ပြီး မပြောင်းလဲပါ။ အနီး အဝေး အကွာ အဝေးပေါ်လိုက်ပြီး လင်းအားကကွာသွားပါတယ်။ Intensity ကွာသွားတယ်ပြောရပါမယ်။
ဒါကြောင့် ငလျင်ပြင်းအား ရစ်တာစကေး ဘယ်လောက်ခံနိုင်ပါတယ် ဆိုတာ အတိအကျ ပြောမရနိုင်ပါ။ အနီးစပ်ဆုံး အကြမ်းဖျင်းသာ ပြောလို့ရမှာပါ။ ငလျင်ရဲ့ဗဟိုချက် (epicenter) နဲ့ အနီးအဝေးမှာ အရေးကြီးပါသည်၊ ရစ်တာစကေးမှာ magnitude သာဖြစ်ပါသည်၊ intensity အနေဖြင့် မာကာလီ (Mercalli) ဘယ်လောက် ground acceleration ဘယ်လောက်ခံနိုင်ပါတယ် လို့သာ ပြောလို့ရမှာပါ။
Structure Engineer တွေ ငလျင်ဒဏ်ခံ design တွက်ရာမှာ ရစ်တာစကေးနဲ့ မပြောပါ (မတွက်ပါ)။ ငလျင်ဒဏ်ခံစားရမှု ( intensity) အနေနဲ့ သာ ခံစားရမှု အနဲအများအလိုက် နေရာအလိုက် (Ygn, Mdy စသည်) ပြင်းအား zone သတ်မှတ်ချက်အတိုင်း ground acceleration နဲ့သာတွက်ပါတယ် (တခြားနည်းများလည်းရှိပါတယ်)။ သတ်မှတ်ချက်အရ Ygn Zone IIA, Mdy ဆို Zone IV (UBC code), 0.4g နဲ့တွက်ပါတယ်။ Zone 0-4 မှာ အပြင်းဆုံး zone4 ပါ။
(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၁၀) Shear wall နဲ့ ပတ်သက်တဲ့ အလွဲများ

အယူအဆအလွဲများ(၁၀) Shear wall နဲ့ ပတ်သက်တဲ့ အလွဲများ

Shear wall နဲ့ ပတ်သက်တဲ့ အလွဲများ

အထပ်မြင့်အဆောက်အဦတွေမှာ (မြန်မာပြည်မှာတော့ ၆ ထပ်နဲ့အထက်ကို အရပ်အခေါ် အထပ်မြင့်လို့ သုံးနှုန်းပါတယ်။ ဒီ note မှာတော့ အရပ်သုံးကိုပဲ ရည်ညွှန်းပါတယ်) ဓာတ်လှေကားနံရံတွေကို shear wall တွေမလောင်းထားရင် ဘာလို့ shear wall မထည့်တာလဲ ဆိုပြီး shear wall မပါရင်ပဲ ဓာတ်လှေကားတပ်လို့ မဖြစ်တော့မဲ့ ပုံစံနဲ့ ပြောတတ်ကြပါတယ်။ နောက်ပြီး shear wall မပါရင်ပဲ (၈)ထပ်၊ (၁၀)ထပ် ဆောက်မရတော့မဲ့ပုံစံ (ခိုင်ခန့်မှုမရှိတော့မဲ့ပုံစံ) နဲ့ ပြောတတ်ကြတယ်။ နောက် သံကူကွန်ကရစ် wall တိုင်း shear wall လို့ အောက်မေ့တတ်ကြတယ်။

၁) သံကူကွန်ကရစ် wall တိုင်း shear wall မဟုတ်ပါ။ အဆောက်အဦ Basement တွေမှာ မြေကာနံရံအဖြစ်သုံးတဲ့ retaining wall  ကို shear wall လို့အမှတ်မှားကြပါတယ်။ Retaining wall က မြေကာဖို့သုံးတာပါ။ Shear wall တွေကိုတော့ Earthquake နဲ့ wind ကြောင့်ဖြစ်တဲ့ Lateral force ကို ထိန်းဖို့အတွက် သုံးပါတယ်။ ။ Retaining wall က  Ground Floor အထိပဲပါပါတယ်။ Ground Floor အပေါ် မပါတော့ပါဘူး။ Shear wall တွေကတော့ အဆောက်အဦအပေါ်ဆုံးအထပ်ထိပါပါတယ်။

၂) Shear wall တွေကိုတော့ Earthquake နဲ့ wind ကြောင့်ဖြစ်တဲ့ Lateral force ကို ထိန်းဖို့အတွက် သုံးပါတယ်။

၃) Shear wall တွေက Frame member တွေထက် lateral force အပေါ်တုန့်ပြန်မှုအား ပိုကောင်းပါတယ်။

၎) အဆောက်အဦ အထပ်(၂၀) အတွင်းတော့ Shear wall တွေကို ရွေးချယ်စရာတစ်ခု အနေနဲ့ပဲသုံးနိုင်ပါတယ်။ ဆိုလိုချင်တာက shear wall သုံးတာနဲ့ အခြားမသုံးတာတွေနဲ့ နှိုင်းယှဉ်ပြီး သက်သာရင်သုံး မသက်သာရင် မသုံးနဲ့။ ဒါပေမယ့် အထပ်(၃၀)အထက်ဆိုရင်တော့ shear wall ပါမှသာ ကုန်ကျစရိတ်သက်သာတဲ့ အတွက်နဲ့ lateral deformation အတွက် shear wall ကို ရွေးချယ်ကြရပါလိမ့်မယ်။

၅) Shear wall ထည့်ရမယ့်နေရာကတော့ architectural design နဲ့ညှိပြီး ထည့်ရမှာဖြစ်ပါတယ်။ ဓာတ်လှေကားခန်းတွေမှာက shear wall ထည့်ဖို့ ဟန့်တားတဲ့အချက်တွေ မရှိတဲ့အတွက် shear wall လိုအပ်တဲ့အခါ အဲဒီနေရာတွေမှာထည့်ကြတာပါ။ ဓာတ်လှေကားတတ်ဆင်နိုင်ဖို့ လိုအပ်ချက် အနေနဲ့ ထည့်တာမဟုတ်ပါ။

၆) Shear wall သုံးမယ်ဆိုရင် တတ်နိုင်သမျှ များများ တနေရာထဲ စုပြုံမနေပဲ ဖြန့်ထည့်ရပါမယ်။ ဖြစ်နိုင်ရင် အချိုးညီညီကို direction နှစ်ဖက်လုံးအတွက် ထည့်ရပါမယ်။ ဒါမှ အဆောက်အဦပေါ် torsion ၀န်မပိမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ တနေရာတည်းပဲ ထည့်မယ် ဘက်မမျှဘူးဆိုရင်တော့ shear wall မပါတာထက်ကို ပိုမိုဆိုးရွားစေမှာပါ။
ဒါတွေက shear wall နဲ့ ပတ်သက်တဲ့ background ပါ။ အထပ်မြင့်လို့ပြောတဲ့ (၆)ထပ်အထက် (၁၀)ထပ်၊ (၁၂)ထပ်လောက်မှာ shear wall ထည့်ဖို့အဆင်မပြေတဲ့နေရာမျိုး၊ ထည့်လို့ရနိုင်တဲ့နေရာတွေကလည်း ပိုဆိုးရွားစေတဲ့အခါမျိုး၊ shear wall ထည့်တာက မထည့်တာထက် ကုန်ကျစရိတ်များတဲ့အခါမျိုးတွေမှာ shear wall ကိုမသုံးသင့်ပါဘူး။

(ဗိုလ်ဗိုလ်ကျော်)

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၉) Curing ပေးဖို့ Formwork (ပုံစံခွက်) ခွာခြင်း

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၉) Curing ပေးဖို့ Formwork (ပုံစံခွက်) ခွာခြင်း

Curing ပေးဖို့ Formwork (ပုံစံခွက်) ခွာခြင်း

ဒီမေးခွန်းကို အမေးခံရတော့ နည်းနည်းတော့ ကြောင်သွားတယ် " Curing ပေးဖို့ ဘယ်အချိန် ပုံခွာရမှာလဲတဲ့ "

Formwork (ပုံစံခွက်) မခွာပဲထားတာ curing ပေးနေတာပါပဲ။ ဒါကြောင့် curing ပေးဖို့ဆိုပြီးတော့ သက်သက်မဲ့ ပုံခွာစရာမလိုပါဘူး (အခြားရည်ရွယ်ချက်နဲ့ ခွာချင်တော့ခွာပါ)
ပုံနဲ့လွတ်နေတဲ့အပိုင်းရှိရင်တော့ အဲဒီအပိုင်းကို ရေလောင်းတာဖြစ်ဖြစ်၊ curing compound ဖြန်းတာဖြစ်ဖြစ်၊ Plastic အုပ်တာဖြစ်ဖြစ် ကြိုက်ရာနည်းသုံးပြီး curing ပေးရပါမယ်။
နောက် curing ဆိုတာကို conrete ကို ရေလောင်းတာလို့ အမှတ်မှားတာကလည်း ဒီအယူအဆအလွဲကို ဖြစ်စေတယ်လို့ ထင်ပါတယ်။
Curing ကို ဘာသာမပြန်တတ်ပါဘူး။ concrete strength ကောင်းအောင် crack မဖြစ်အောင် ကုစားပေးတာကို ဆိုလိုပါတယ်။ နည်းလမ်းတွေကတော့ အပေါ်မှာပြောသွားတာမှာ ပါသွားပါပြီ။
(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၈) RC အဆောက်အဦဆိုတာ အုတ်ရိုး ၉" စီရတယ်။ ၄.၅" နဲ့ဆိုရင် RC တု၊ ၉" လောက် မခိုင်ဘူး။

အယူအဆအလွဲများ(၈) RC အဆောက်အဦဆိုတာ အုတ်ရိုး ၉" စီရတယ်။ ၄.၅" နဲ့ဆိုရင် RC တု၊ ၉" လောက် မခိုင်ဘူး။

RC အဆောက်အဦဆိုတာ အုတ်ရိုး ၉" စီရတယ်။ ၄.၅" နဲ့ဆိုရင် RC တု၊ ၉" လောက် မခိုင်ဘူး။

ကျွန်တော်တို့ဆီက လွန်ခဲ့တဲ့ နှစ်(၃၀)လောက်က RC တွေစဆောက်တော့ ၉" အုတ်ရိုးတွေပဲ သုံးခဲ့ကြပါတယ်။ အဲဒီမှာပဲ နံကပ်နဲ့ကွဲလွဲတဲ့အချက်တစ်ခုအဖြစ် RC ဆိုရင် ၉" အုတ်ရိုးဆိုပြီး မှတ်သားထားခဲ့ကြရာကနေ ဒီအယူအဆ ဖြစ်ကြဟန်တူပါတယ်။
၁) နံရံတွေကို အုတ်ရိုးသုံးရာမှာ အသုံးအားဖြင့် ၀န်ထမ်းနံရံ (Load bearing Wall) နဲ့ ၀န်မထမ်းတဲ့နံရံ (Non-load bearing wall, Infill wall) ဆိုပြီး ခွဲခြားနိုင်ပါတယ်။
၂) RC အဆောက်အဦတွေမှာ ၀န်ကို ပြင်၊ ထုတ်၊ တိုင်၊ ခွာ တွေကထမ်းပါတယ်။ အုတ်ရိုးတွေကမထမ်းရပါဘူး။ အုတ်တိုက် (Masonry building) တွေမှာတော့ အုတ်ရိုးတွေက၀န်ကိုထမ်းရပါတယ်။
၃) ဒီလို ၀န်မထမ်းရတဲ့အတွက် အုတ်ရိုးဗြက်က ၄.၅" ၊ ၉" ထက် သူ့ဝန်သူထမ်းနိုင်အောင်ရယ်၊ ငလျင်အတွက်ဆို ဘေးတိုက်တွန်းအားခံနိုင်အောင်ရယ် စီမံပေးထားနိုင်ဖို့ ပဲလိုပါတယ်။
၎) RC မှာ အုတ်ရိုးတွေက၀န်ကိုမထမ်းရတဲ့အတွက် အုတ်ရိုးဗြက်ထူလေလေ၊ တကယ့်ဝန်ထမ်းရတဲ့ ထုတ်၊ တိုင်၊ ခွာ တွေက ၀န်ပိုထမ်းရလေလေပါပဲ။
၅) ဒါကြောင့် RC မှာ ၄.၅" ဆို မခိုင်ဘူးဆိုတာ မဟုတ်ပါဘူး။
၆) RC ဆိုတာ မြန်မာလို သံကူအားဖြည့်ကွန်ကရစ် လို့ ဆိုနိုင်ပါတယ်။ သံချောင်းတွေနဲ့ အားဖြည့်ထားတဲ့ ကွန်ကရစ်ဖြစ်ပြီး အဲ့လိုအားဖြည့်ထားတဲ့  ပြင်၊ ထုတ်၊ တိုင်၊ ခွာ တွေက ၀န်ကိုထမ်းတဲ့ အဓိကအစိတ်အပိုင်း (structural members) တွေဖြစ်ပါတယ်။
၆) ဒါကြောင့် အုတ်ရိုး ၄.၅" (သို့) ၉" ဖြစ်ခြင်းဟာ RC ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့အတွက် ၄.၅" အုတ်ရိုးသုံးရုံနဲ့  RC တုလို့ ခေါ်လို့မရပါဘူး။
(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၇) Beam ကို stirrup ချီရာမှာ stirrup hook ကို ဘယ်၊ ညာ၊ အပေါ်၊ အောက် တလှည့်စီလှည့်ချီကြခြင်း

အယူအဆအလွဲများ(၇) Beam ကို stirrup ချီရာမှာ stirrup hook ကို ဘယ်၊ ညာ၊ အပေါ်၊ အောက် တလှည့်စီလှည့်ချီကြခြင်း

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၇)
Beam ကို stirrup ချီရာမှာ stirrup hook ကို ဘယ်၊ ညာ၊ အပေါ်၊ အောက် တလှည့်စီလှည့်ချီကြခြင်း
တနေ့က construction site တစ်ခုကိုသွားတော့ ချီကွေးဆရာတွေရဲ့ စေတနာအမှားလေးတစ်ခုကို တွေ့ခဲ့ပါတယ်။ Beam ကို stirrup ချီရာမှာ stirrup hook ကို ဘယ်၊ ညာ၊ အပေါ်၊ အောက် တလှည့်စီလှည့်ချီတာပါ။ အမှန်က hook ကို အပေါ်မှာပဲထားပြီး ဘယ်၊ ညာတလှည့်စီ ချီရမှာပါ။ Hooks ကို အောက်မှာမထားသင့်ပါဘူး။
(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၆) မြန်၊ ကောင်း၊ သက်သာ ရမယ်

အယူအဆအလွဲများ(၆) မြန်၊ ကောင်း၊ သက်သာ ရမယ်

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၆)
မြန်၊ ကောင်း၊ သက်သာ ရမယ်
ဆောက်လုပ်ရေးလောကမှာ မြန်၊ ကောင်း၊ သက်သာ လိုချင်တာတွေ မြန်၊ ကောင်း၊ သက်သာ ရမယ်လို့ အာမခံနေကြတာတွေရှိပါတယ်။ တကယ်ပဲ မြန်ပြီး၊ ကောင်းပြီး သက်သာ သလားဆိုတာကို ကျွန်တော်တို့ငယ်ငယ်က ဆော့ခဲ့တဲ့ ဗိုလ်၊ ကျား၊ သေနပ် ကို ဥပမာပြုပြီး ပြောချင်ပါတယ်။
၁) ဗိုလ်ကိုရွေးရင် သေနပ်ကိုနိုင်တော့သေနပ်ရပါမယ် ကျားကိုမနိုင်တဲ့အတွက် ကျားမရပါဘူး။ အဲ့တော့ ဗိုလ်ရယ် သေနပ်ရယ် ရပါမယ်၊ ကျားကိုမရနိုင်ပါဘူး။
၂) ကျားကိုရွေးရင် ဗိုလ်ကိုနိုင်တော့ ဗိုလ်ရပါမယ် သေနပ်ကိုမနိုင်တဲ့အတွက် သေနပ်မရပါဘူး။ အဲ့တော့ ကျားရယ် ဗိုလ်ရယ် ရပါမယ်၊ သေနပ်ကိုမရနိုင်ပါဘူး။
၃) သေနပ်ကိုရွေးရင် ကျားကိုနိုင်တော့ကျားရပါမယ် ဗိုလ်ကိုမနိုင်တဲ့အတွက် ဗိုလ်မရပါဘူး။ အဲ့တော့ သေနပ်ရယ် ကျားရယ် ရပါမယ်၊ ဗိုလ်ကိုမရနိုင်ပါဘူး။
၎) အဲ့လို ဗိုလ်၊ ကျား၊ သေနပ် (၃)မျိုးမှာ ကြိုက်ရာ နှစ်ခုပဲ ရနိုင်သလို မြန်၊ ကောင်း၊ သက်သာ (၃)မျိုးမှာ ကြိုက်ရာ နှစ်ခုပဲ ရနိုင်ပါမယ်။

အယူအဆအလွဲများ(၅) ပျဉ်ထောင်၊ နံကပ်၊ အုတ်တိုက် အဆောက်အဦများမှာ ငလျင်ဒဏ်မခံနိုင်ဘဲ RC အဆောက်အဦများကသာ ငလျင်ဒဏ်ခံနိုင်သည်။

အယူအဆအလွဲများ(၅) ပျဉ်ထောင်၊ နံကပ်၊ အုတ်တိုက် အဆောက်အဦများမှာ ငလျင်ဒဏ်မခံနိုင်ဘဲ RC အဆောက်အဦများကသာ ငလျင်ဒဏ်ခံနိုင်သည်။

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၅)
ပျဉ်ထောင်၊ နံကပ်၊ အုတ်တိုက် အဆောက်အဦများမှာ ငလျင်ဒဏ်မခံနိုင်ဘဲ RC အဆောက်အဦများကသာ ငလျင်ဒဏ်ခံနိုင်သည်။
'ငလျင်ဒဏ်ခံနိုင်အောင် RC ဆောက်ဖို့ငွေမှမရှိတာ ရှိတာလေးနဲ့ ပျဉ်ထောင်၊ နံကပ်၊ အုတ်တိုက်လေး ဆောက်ရတာ ငလျင်လှုပ်လာလို့ပြိုတော့လည်း ဘယ်တတ်နိုင်မှာလဲ' စတဲ့ စကားမျိုးတွေ မကြာခဏကြားရပါတယ်။ အများစိတ်ထဲမှာ RC အဆောက်အဦတွေကသာ ငလျင်ဒဏ်ခံနိုင်တယ် ကျန်တဲ့အဆောက်အဦတွေက ငလျင်ဒဏ်မခံနိုင်ဘူးလို့ ထင်နေကြပါတယ်။
၁) RC အဆောက်အဦတိုင်း ငလျင်ဒဏ်မခံနိုင်ပါဘူး ငလျင်ဒဏ်ခံနိုင်တဲ့နည်းစနစ်နဲ့ တည်ဆောက်မှသာ ငလျင်ဒဏ်ခံနိုင်မှာပါ။
၂) ဒီလိုပါပဲ အခြား ပျဉ်ထောင်၊ နံကပ်၊ အုတ်တိုက်၊ Steel အဆောက်အဦတွေလည်း ငလျင်ဒဏ်ခံနိုင်တဲ့နည်းစနစ်နဲ့ တည်ဆောက်ရင် ငလျင်ဒဏ်ခံနိုင်ပါတယ်။
၃) ပျဉ်ထောင်၊ နံကပ် တွေမှာ လိုအပ်တဲ့ ချုပ်တန်း (Bracing) တွေ ထည့်ပေးခြင်း၊ တွယ်ဆက်တဲ့နေရာမှာ မူလီများသုံးပြီး တောင့်တောင့်တင်းတင်းဆက်ထားခြင်း အစရှိတာတွေနဲ့ ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်လို့ရပါတယ်။ (ပုံကို comment box မှာ ကြည့်နိုင်ပါတယ်)
၎) အုတ်တိုက်တွေမှာဆိုရင်လည်း နံရံအုတ်ရိုးတွေကို သံချောင်းများဖြင့်အားဖြည့်တဲ့ (Reinforced Masonry) ဆောက်ခြင်း၊ သံချောင်းများဖြင့်အားဖြည့်ထားတဲ့ ၀န်မထမ်းတဲ့ တိုင်၊ ထုတ်တွေနဲ့ နံရံအုတ်ရိုးတွေကိုချုပ်တဲ့ (Confined Masonry) များနဲ့ ဆောက်ခြင်းစတာတွေနဲ့ ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်လို့ရပါတယ်။ (ပုံကို comment box မှာ ကြည့်နိုင်ပါတယ်)
(ဗိုလ်ဗိုလ်ကျော်)
https://www.facebook.com/bobokyaw.mdy

အယူအဆအလွဲများ(၄) Steel Structure မှာ connection တိုင်းကို beam end plate သုံးပြီး moment connection ဖြစ်နေခြင်း

အယူအဆအလွဲများ(၄) Steel Structure မှာ connection တိုင်းကို beam end plate သုံးပြီး moment connection ဖြစ်နေခြင်း

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၄)
Steel Structure မှာ connection တိုင်းကို beam end plate သုံးပြီး moment connection ဖြစ်နေခြင်း
ကျွန်တော်တို့ဆီမှာ Steel structure အဆောက်အဦဆောက်ရင် beam နဲ့ beam connection လုပ်ရာမှာ၊ beam နဲ့ column connection လုပ်ရာမှာ beam ထိပ်ကို plate ပြားကပ်ပြီး connection လုပ်တဲ့ beam end plate connection တစ်ခုတည်းကိုပဲ သုံးကြတာ 90% အထက်မှာ ရှိပါတယ်။ အဲ့တော့ connection တိုင်းဟာ moment connection တွေဖြစ်ကုန်ပါတယ်။ Moment ကို transmit မလုပ်သင့်တဲ့နေရာတွေမှာလည်း သုံးမိနေပါတယ်။
၁) Connection type ၂ မျိုးရှိပါတယ်။ Moment transmit မလုပ်ပဲ shear ပဲ transmit လုပ်တဲ့ Framed connection (Shear connection) နဲ့ moment ရော shear ရော transmit လုပ်တဲ့ Moment connection ဆိုပြီးတော့ပါ။
၂) H-beam ရဲ့ flange က moment ကို transmit လုပ်ပါတယ်။ Web က shear ကို transmit လုပ်ပါတယ်။ ဒါကြောင့် connection ကို bolts သုံးသုံး၊ welding သုံးသုံး Framed connection (Shear connection) လိုချင်ရင် flange ကို connection မပေးရဘဲ moment connection မှာကြမှ flange ကို connection ပေးရမှာပါ။
၃) Simply support လို့ယူဆရင်၊ moment ကို transmit မလုပ်စေချင်ရင် Framed connection (Shear connection)ကို သုံးပါတယ်။ Continuous ဖြစ်တယ်၊ rigid ဖြစ်တယ်လို့ ယူဆချင်ရင်တော့ moment connection ကိုသုံးရမှာပါ။
၎) Moment connection က detailed စဉ်းစားရမယ့်အချက်တွေပိုများပါတယ် (horizontal stiffener တွေ၊ stiffener plate တွေအစရှိတာတွေ)။ Column flange ကို သွားပြီး connection လုပ်ရာမှာ သိပ်မထောင်းသာပေမယ့် column web ကို connection လုပ်တာမျိုး၊ beam to beam connection လုပ်ရာမှာ အထူးပြုလုပ်ရမယ့်အရာတွေများပါတယ်။
၅) အဲ့ဒီလို အထူးပြုလုပ်ချက်တွေမပါပဲ beam ထိပ်ကို plate ပြားကပ်ပြီး connection လုပ်တဲ့ beam end plate connection နဲ့column web ကို connection လုပ်တာမျိုး၊ beam to beam connection လုပ်တာမျိုးကို မသုံးသင့်ဘူးလို့မြင်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
https://www.facebook.com/bobokyaw.mdy

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၃) Foundation မြေ၀င်နက်နက်တူးထားလို့ အထပ်များများဆောက်လို့ရတယ်။

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၃) Foundation မြေ၀င်နက်နက်တူးထားလို့ အထပ်များများဆောက်လို့ရတယ်။

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၃)
Foundation မြေ၀င်နက်နက်တူးထားလို့ အထပ်များများဆောက်လို့ရတယ်။
အဆောက်အဦအဟောင်းတွေကို ထပ်တိုးဆောက်ချင်တဲ့အိမ်ရှင်တွေ ပြောလေ့ရှိပါတယ် "အဆောက်အဦဆောက်တုန်းက Foundation ကို (၈ပေလောက်) အနက်ကြီးချထားလို့ နောက်တစ်ထပ်တက်လို့ ရပါတယ်" တဲ့။ Footing size (ခွာဆိုဒ်) အကျယ်အ၀န်းမေးတော့ သူတို့မသိပါဘူး။ Foundation နက်တော့ မြေကြီးခံနိုင်ရည်ကောင်းတဲ့အတွက် load ခံနိုင်ရည်ပိုရှိတာ မှန်ပါတယ်။ ဒါပေမယ့် ဒီတချက်တည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။
၁) Foundation မြေ၀င်ကို ဘယ်နှယ်ထပ်အတွက် ဘယ်လောက်ဆိုပြီး အသေသတ်မှတ်ထားလို့ မရပါဘူး။ နောက်ပြီး "၂ထပ်တုန်းက ၆ပေတူးတယ်၊ ၃ထပ်တုန်းက ၇ပေတူးတယ်၊ အခု ၈ထပ်ဆောက်မယ်ဆိုတော့ ၁၂ပေလောက်တူးရမယ်ထင်တယ်" လို့ မှန်းလို့ မရပါဘူး။။
၂) Foundation အတွကသင့်တော်တဲ့ Depth (အနက်) ကို မြေကြီးစမ်းလို့ရတဲ့ Result က ဘယ်နှယ်ပေမှာ မြေကြီးခံနိုင်အား ဘယ်လောက်ရှိတယ်ဆိုတာကနေ သင့်တော်တဲ့ မြေကြီးခံနိုင်အားရှိတဲ့ သင့်တော်တဲ့အနက်ကို ယူပါတယ်။ Footing အတွက်လိုအပ်တဲ့ အကျယ်အ၀န်း ဧရိယာကိုတော့ Column တိုင်ကနေ Footing ကထမ်းရမယ့် load ကို မြေကြီးခံနိင်ရည်နဲ့စားရင် ရပါပြီ။
ဥပမာ Footing ကထမ်းရမယ့် load က ၂၅တန်ရှိတယ်၊ ၇ပေအနက်မှာရှိတဲ့ မြေကြီးခံနိုင်အား (Safe Bearing Capacity) က ၁တန်ရှိတယ်ဆိုပါစို့။ Footing ကို ၇ပေအနက်တူးမယ်ဆိုရင် Footing အတွက်လိုအပ်တဲ့ အကျယ်အ၀န်း ဧရိယာက Load ကို မြေကြီးခံနိုင်အား (Safe Bearing Capacity)နဲ့စားဆိုတော့ ၂၅ ကို ၁ နဲ့စားတဲ့အဖြေ ၂၅စတုရန်းပေ ဖြစ်ပါတယ်။ ဒီတော့ ၅ပေပတ်လည်ဆိုရပါပြီ။
၃) Footing တစ်ခုက ထမ်းဆောင်နိုင်တဲ့ Load ၀န်က်ု မြေကြီးခံနိုင်အား (Safe Bearing Capacity) နဲ့ Footing အကျယ်အ၀န်း ဧရိယာနဲ့ မြှောက်ရင်ရတယ်ဆိုတာ သိနိုင်ပါပြီ။ ဒါကြောင့် Foundation အနက် (တနည်းအားဖြင့် မြေကြီးခံနိုင်အား Safe Bearing Capacity) ပဲပြောနေပြီး သူ့ရဲ့မြှောက်ဖော်ကိန်း Footing အကျယ်အ၀န်း ဧရိယာမသိရင် မပြည့်စုံတော့ အဖြေရှာဆုံးဖြတ်လို့ မရနိုင်ပါဘူး။
(ဗိုလ်ဗိုလ်ကျော်)